×

Menu

Home 🔒 အကောင့်ဝင်ရန် 🔓 အကောက်ဖွင့်ပါ
Book

လူငယ်တစ်ယောက်စိတ်ဓာတ်ကျနေသည် -သော်တာမင်း

139 ဘတ်
100
1
ထိုင်းနိုင်ငံနေရာအနှံ့ပို့ဆောင်ပေးပါသည်
-
Product Description
လူတစ်ယောက်ရဲ့ စွန့်ပစ်ခြင်းကို
ခံလိုက်ရတဲ့အခါ..
ကိုယ်အသက်ထက်ဆုံး မြတ်နိုးရတဲ့သူက
ကိုယ့်ကိုရက်ရက်စက်စက် စွန့်ပစ်သွားတဲ့အခါ
“သူဘယ်ရင်ခွင်ထဲကိုပဲရောက်ရောက်
ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ” လို့ အရင်ဆုံး
ဆုတောင်းပေးလိုက်ပါ။
ဒီဆုတောင်းလေး ပြီးသွားပြီဆိုရင်တော့
ကျွန်တော်တို့တွေ အဲဒီသူကို Move On နိုင်ဖို့
စတင်ကြိုးစားကြမယ်နော်။
Move On နိုင်ဖို့ နည်းလမ်းလေးတွေ
ပြောပြပေးမှာမို့ သေချာလေးဖတ်ပြီး
သေချာလေး လိုက်နာရမယ်နော်။
ဒါမှ မြန်မြန် Move On နိုင်မှာ မဟုတ်လား။
Move On လုပ်နည်း
(၁) မေ့နိုင်အောင် မကြိုးစားပါနဲ့
လူတစ်ယောက်ကို Move On လုပ်ချင်ပါတယ်
ဆိုရင် မေ့နိုင်အောင် မကြိုးစားပါနဲ့ အဲဒီသူနဲ့
ကိုယ်ဟာ လုံးဝပေါင်းစည်းလို့မဖြစ်နိုင်တော့
လောက်အောင် ရေစက်တွေ ကုန်သွားကြပြီ
ဆိုတာကို လက်ခံနိုင်အောင် ကြိုးစားပါ။
ကျွန်တော်တို့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး
တစ်နေရာမှာ နေရာယူခဲ့တဲ့ လူတစ်ယောက်ကို
မေ့နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး ဒါကြောင့်
သူနဲ့ တကယ်ဝေးသွားပြီဆိုတာကိုပဲ လက်ခံ
နိုင်အောင် ကြိုးစားပါ။
ဒီနည်းလမ်းက ရင်ကွဲမတတ် နာကျင်ရနိုင်ပေမဲ့
အချိန်တို အတွင်းမှာ ချစ်ရသူကို Move On
လုပ်နိုင်သွားမှာပါ။
(၂) သူ့ကို လုံးဝမဆက်သွယ်ပါနဲ့
သင်နဲ့ သူဟာ ချစ်ခွင့်သာ ရှိခဲ့ကြပြီး
တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်ခွင့်
မရှိခဲ့ကြပါဘူး။
သင်နဲ့ သူဟာကံကုန်သွားပြီမို့ လုံးဝ
ပြန်မဆုံနိုင်ကြတော့ပါဘူး ဒါကိုလက်ခံပြီး
သူ့ကို ဆက်သွယ်လို့ရနိုင်မယ့် ဖုန်းနံပါတ်တွေ
Contact ထဲက အကုန်ဖျက်ပါ သူ့ဆီစာပို့ချင်
စိတ်ကိုထိန်းချုပ်ပါ သူ့ Account ထဲ
ဝင်ကြည့်တာကို ရပ်ပါ။
နောက်ဆုံး သူ့ကို ဆက်သွယ်ချင်တဲ့စိတ်က
ထိန်းမရအောင် ဖြစ်လာပြီဆိုရင်..
''ငါ့ကြောင့် သူ အနှောင့်အယှက်မဖြစ်စေရဘူး” ဆိုတာလေးကို တွေးလိုက်ပါ။
(၃) သူနဲ့ သင်ဟာ ဒီတစ်သက်
မဖြစ်နိုင်တော့ဘူးဆိုတာ သတိရပါ။
သင်က သူ့အတွက် မဟုတ်သလို သူကလည်း
သင့်အတွက် မဟုတ်တာမို့ သင်တို့ တစ်ယောက်နဲ့
တစ်ယောက် ဝေးကွာသွားခဲ့ကြတာပါ
လူတစ်ယောက်နဲ့တစ်ယောက်ဟာ ရေစက်ပါတဲ့
အခါ မိုင်ပေါင်း သောင်းချီဝေးကွာနေရင်တောင်
ဆုံစည်းရတတ်ပြီး ရေစက်မပါတဲ့အခါ
တစ်လမ်းတည်း အတူနေရင်တောင်
မဆုံစည်းရတတ်ပါဘူး။
သင်နဲ့ သူက ရေစက်တွေပါလို့ ဆုံစည်းခဲ့ရပေမဲ့
အခု ရေစက်တွေ ကုန်သွားတဲ့အခါမှာတော့ ပြန်လည်ဆုံစည်းဖို့ လုံးဝမဖြစ်နိုင်တော့ပါဘူး
ဒါကြောင့် သူ့ကိုသတိတစ်ချက်ရတိုင်း သူနဲ့
သင်ဟာ ဒီတစ်သက်ဘယ်တော့မှ
မဖြစ်နိုင်တော့ဘူးဆိုတာ တွေးတောပါ။
(၄) လက်ခံနိုင်အောင် ကြိုးစားပါ
သူနဲ့ သင်ဟာ တကယ်ဝေးသွားကြပြီဖြစ်ကြောင်း
လက်ခံနိုင်အောင် ကြိုးစားပါ အရာအားလုံးကို
လက်ခံတတ်လာတဲ့အခါ အမြန်ဆုံး
လွတ်မြောက်သွားမှာပါ။
(၅) ခံစားချက်ကို အသိအမှတ်ပြုပါ
အသက်ထက်ဆုံး ချစ်ရသူနဲ့ မထင်မှတ်ဘဲ ဝေးကွာသွားတဲ့အခါ ကျွန်တော်တို့
နာကျင်ခံစားရပါမယ်။
ဒီလိုခံစားရတဲ့အခါ ခံစားချက်အတိုင်း
လိုက်လျောပါ ငိုကြွေး လိုပါတယ်ဆိုရင်
ငိုကြွေးပါ သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး
ရင်ဖွင့် ချင်တယ်ဆိုရင် ချက်ချင်း ဖုန်းဆက်ပါ။
“ငါ မငိုဘူး” “ငါ စိတ်မညစ်ဘူး” ဆိုပြီး
တင်းခံမထားပါနဲ့ အသည်းကွဲချိန်လေးတော့
ကိုယ့်စိတ်လေးအလိုကျ ဖြည့်ဆည်းပေးရပါမယ်။
အပေါ်မှာ ပြောပြပေးခဲ့တဲ့ အချက်လေးတွေက
သင်ချစ်ရတဲ့ အဲဒီလူကို အမြန်ဆုံး Move On လုပ်နိုင်စေမှာပါ Move On လုပ် ပြီးသွားတဲ့အခါ၊
ဒဏ်ရာတွေ အနာကျက်သွားအခါ အရင်ကထက်
ပိုလှလာပါ ။ပိုပြီးမာကျောလာပါ။ ပိုပြီး
ရင့်ကျက်လာပါနော်။
#လူငယ်တစ်ယောက်စိတ်ဓာတ်ကျနေသည်
#သော်တာမင်း
Customer Reviews

မှတ်ချက်မရှိသေးပါ။

Home my orders 🛒 သိမ်းထား ပရိုဖိုင် အကောက်ဝင် ထွက်ပါ