×

Menu

Home 🔒 အကောင့်ဝင်ရန် 🔓 အကောက်ဖွင့်ပါ
Book

ငါ့အတွက် ငါရှိတယ် - လင်းရောင်စင်

139 ဘတ်
200
1
ထိုင်းနိုင်ငံနေရာအနှံ့ပို့ဆောင်ပေးပါသည်
-
Product Description
လူတွေက ရည်းစားနဲ့ ပြတ်တဲ့အခါ
ငါ့အတွက် သူမရှိတော့ဘူးဆိုတဲ့စိတ်နဲ့
ပြိုလဲ​ကြရတယ်။
◼သူငယ်ချင်းတစ်ယောက် က
အခြားတစ်ယောက်နဲ့ ပိုချစ်ခင်သွားကြတဲ့အခါ
ငါက ကောင်းပါလျက် ငါ့ကိုထားသွားရက်လိုက်တာ
ဆိုတဲ့ စိတ်နဲ့ ဝမ်းနည်းကြရတယ်။
◼အဖွဲ့အစည်းတစ်ခု၊နေရာတစ်ခုကနေ
သူစိမ်းနေရာ၊သူစိမ်းတွေကြားထဲ
ပြောင်းရွှေ့လုပ်ကိုင်ကြရတဲ့အခါ ကြေ ကွဲ
သောက ဖြစ်ကြရတယ်။
◼ကိုယ့်အတွက် ကိုယ်အမြဲပါနေတာ။
ကိုယ့်ရှင်သန်မှုအတွက် ကိုယ်တိုင်ဖြစ်တည်ရှင်သန်ရ၊
ရုန်းကန်နေရတာကို မေ့လျော့နေခဲ့ကြတယ်။
တကယ်တော့ ကိုယ့်ဘယ်ဘက်လက်
အလုပ်လုပ်တဲ့အခါ ညာဘက်လက်က
ဖြည့်ဆည်းကူညီပေးနိုင်တယ် ဆိုတာကို
မေ့နေခဲ့ကြတယ်။
◼ကိုယ့်နှလုံးသားက နာကျင်တဲ့အခါ
ကိုယ့်ဦးနှောက်က ထိန်းချုပ်ကူညီပေးနိုင်တာကို
မေ့နေခဲ့ကြတယ်။ကိုယ့်အတွက်ကိုယ်
အလိုအပ်ဆုံးဆိုတာကို မေ့နေခဲ့ကြတယ်။
◼ တကယ်တော့ ကျွန်တော်တို့အတွက်
အလိုအပ်ဆုံးဟာ ကျွန်တော်တို့ပါပဲ။
◼ကိုယ့်ရဲ့ကျရှုံးမှုအတွက် ကိုယ်ကိုယ်တိုင်
ရုန်းထ မရှင်သန်နိုင်ရင် ဘဝတိုက်ပွဲမှာ
အပြီးရှုံးနိမ်သွားပြီပဲ မဟုတ်လား။
ဘဝတစ်ခုလုံး ကျွန်တော်တို့ကျရှုံးသွားမှာပဲ။
◼ဘယ်သူတွေ ဘယ်လောက်ပဲ
တွဲထူဖေးမ နေပါစေ၊ကျွန်တော်တို့ ထလိုစိတ်
မရှိတဲ့အခါ မတ်တပ်ရပ်နိုင်ပါမတဲ့လား။
◼မိဘက ဘယ်လောက်ပဲ ပညာရှင်ဖြစ်အောင်
ကျောင်းပေါင်းစုံထားပေးနိုင်ပါစေ၊ ကြိုးစား
ဖြစ်တည်လိုစိတ် ကိုယ့်မှာသာ မရှ်ိတဲ့အခါ
နယ်ပယ်တစ်ခုရဲ့ ပညာရှင် ဖြစ်လာပါမတဲ့လား။
အဲ့ဒီအတွက် ကိုယ့်အတွက်ကိုယ်ရှိနေရပါမယ်။
ကိုယ့်ရှင်သန်မှုအတွက် ကိုယ်ရုန်းကန်နေရမှာပဲ။
◼ဘယ်သူတွေ ဘယ်လောက်ပဲတွန်းချပါစေ၊
ငါ့အတွက် ငါရှိတယ်ဆိုတဲ့ စိတ်နဲ့
အမြင့်ဆုံး ရောက်အောင်တက်ရပါမယ်။
◼ဘယ်သူတွေ ဘယ်လောက်ပဲ
စိတ်ဓာတ် ကျအောင်လုပ်နေပါစေ၊
ငါ့အတွက်ငါရှိတယ်ဆိုတဲ့ စိတ်နဲ့
တွန်းကန်ရှင်သန်ရပါမယ်။
◼ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပြိုလဲသွားပါစေ၊
ငါ့အတွက်ငါရှိတယ်ဆိုတဲ့ စိတ်နဲ့
ရုန်းထရှင်သန်ရပါမယ်။
◼ကျွန်တော်တို့ စိတ်ထဲမှာ
အမြဲမှတ်ထားရမှာ
"ငါ့အတွက် ငါရှိတယ်”ဆိုတာပါပဲ။
Customer Reviews

မှတ်ချက်မရှိသေးပါ။

Home my orders 🛒 သိမ်းထား ပရိုဖိုင် အကောက်ဝင် ထွက်ပါ